ပညာရှင်များက အသည်းရောင်စီပိုး ကူးစက်မှုအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည်
အသည်းရောင်စီပိုးက ကလာပ်စည်းများကို မည်ကဲ့သို့ ကူးစက်သည်နှင့်ပတ် သက်၍ သိပ္ပံပညာရှင်များက ဖော်ထုတ် နိုင်ပြီဖြစ်သောကြောင့် အဆိုပါပိုးကူးစက် မှုအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိကမ္ဘာတစ်ဝန်းတွင် အသည်းရောင်စီပိုး ကူးစက်ခံထားရသူ ၅၈ သန်းမျှ ရှိကြောင်းနှင့် ထိုရောဂါပိုးကြောင့် နှစ်စဉ် သေဆုံးသူ သုံးသိန်းခန့်ရှိကြောင်း ပညာ ရှင်များက ပြောသည်။
ထို့ပြင် လတ်တလောတွင် အသုံးပြုနေသည့် ကုသမှုများမှာလည်း ကမ္ဘာတစ်ဝန်းတွင် အသည်းရောင်စီပိုးဖြစ်ပွားမှုကို ဟန့်တားနိုင်ခြင်း မရှိသောကြောင့် ပညာရှင်များက ထိရောက်မှုရှိသည့် နည်းလမ်းကို ရှာဖွေလာကြခြင်းဖြစ်သည်။
အစောပိုင်းတွင် ရောဂါပိုးကို ကလာပ်စည်းများအတွင်း ဝင်ခွင့်ပြုသည့် ပရိုတင်း ရှုပ်ထွေးမှုကို ကောင်းစွာနားမလည်သောကြောင့် ဆေးဝါးထုတ်လုပ်ရေးကို နှောင့်နှေးမှုများဖြစ်ပေါ်စေသည်။
ယခုအခါ ကိုပင်ဟေဂင်တက္ကသိုလ်မှ သုတေသနပညာရှင်များက ရောဂါပိုး၏ မျက်နှာပြင်ရှိ ပရိုတင်းအကြောင်း ကောင်းစွာ နားလည်သွားပြီဖြစ်ကြောင်း၊ ၎င်း၏ အလုပ်လုပ်ပုံမှာ ကိုရိုနာဗိုင်းရပ်ရှိ စပိုက်ပရိုတင်း၏ အလုပ်လုပ်ပုံနှင့် အတူတူပင် ဖြစ်ကြောင်း ဦးဆောင် သုတေသီဂျန်းနစ် ပရန်တိုကပြောသည်။
ထိုသို့သောအခြေအနေကို နားလည်ပြီဖြစ်သောကြောင့် ထိရောက်မှုရှိသော ကာကွယ်ဆေးကို ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်ဟု သုတေသီများက ပြောသည်။
Source- Myawady Webportal