ရုရှားသို့ ကော်ဖီထုတ်ကုန်များ အီသီယိုပီးယား တိုးချဲ့တင်ပို့မည်

News Image

  • ရုရှားသို့ ကော်ဖီထုတ်ကုန်များ အီသီယိုပီးယား တိုးချဲ့တင်ပို့မည်

အီသီယိုးပီးယားနိုင်ငံသည် ရုရှားကုမ္ပဏီများ၏ ကော်ဖီထုတ်ကုန်များအပေါ် စိတ်ဝင်စားမှုရှိကြောင်းနှင့် ရုရှားသို့ ကော်ဖီတင်ပို့မှုများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီသီယိုးပီးယားသံအမတ်ကြီး Genet Teshome Jirru က TASS သို့ ပြောကြားလိုက်ပါသည်။

အီသီယိုးပီးယားသည် ကော်ဖီစိုက်ပျိုးရာ မူလအရင်းအမြစ်နိုင်ငံဖြစ်ပြီး ယခုအခါအစိုးရအနေဖြင့် စီးပွားဖြစ်ကော်ဖီစိုက်ပျိုးရေးနှင့် စီးပွားရေးအရ အကြီးစားထုတ်လုပ်မှုကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ရုရှားသို့ ကော်ဖီတင်ပို့ကုန် ဈေးကွက်တိုးချဲ့ရန် အလားအလာများရှိလာပြီဖြစ်သည်ဟု သံအမတ်ကြီးက ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: Afrinz.ru

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃