မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်နေ
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်၊ စက်ပိုင်အားလုံး ပါဝင်သည့် One Community တစ်ခုအဖြစ် စုဖွဲ့ပြီး၊ မျိုးကောင်းမျိုးသန့်မှစ၍ သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန် ၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သည့် မြန်မာပေါ်ဆန်းမွှေး (fragrant rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် တင်ပို့ ရောင်းချသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ် နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိက ဝယ်ယူသောနိုင်ငံများဖြစ်သည်။
Source: Popular Myanmar