အစ္စရေးက အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန်ပြင်ဆင်ထားဟု ထောက်လှမ်းရေးပြော
အစ္စရေးက အီရန်၏နျူကလီးယား စက်ရုံများကိုတိုက်ခိုက်ရန်ပြင်ဆင်ထားသည်ဟု အမေရိကန်ထောက်လှမ်းရေး သတင်းများကဖော်ပြထားကြောင်း အမေရိကန် တာဝန်ရှိသူများ၏ ပြောဆိုမှုကို ကိုးကား၍ CNN သတင်းဌာနကထုတ်ပြန်ထားသည်။
သို့သော် အစ္စရေးအနေဖြင့် အီရန်ကို တိုက်ခိုက်မှုပြုလုပ်ရန် ဆုံးဖြတ်ချက် ချထားခြင်းရှိ၊ မရှိကို တိတိကျကျမသိရသေးကြောင်း၊ ထို့အတူ အစ္စရေး၏ တိုက်ခိုက်မှုလုပ်ရန်ဆုံးဖြတ်ချက်အပေါ်အမေရိကန်အစိုးရအဖွဲ့အတွင်း တာဝန်ရှိသူများက သဘောမတူသည်များလည်း ရှိကြောင်း သတင်းဌာန၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
အီရန်နျူကလီးယားစက်ရုံကို အစ္စရေးက တိုက်ခိုက်မှုလုပ်မည့်အလားအလာက ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာကြောင်း၊ အကယ်၍ အမေရိကန်က အီရန်နှင့်သဘောတူညီချက်ရရှိသွားပါက အဆိုပါတိုက်ခိုက်မှုလုပ်နိုင်ခြေသည် ပိုမိုမြင့်တက်လာနိုင်ကြောင်းသိရသည်။
Ref: Xinhua
Photo - KDBC
MM-News-Category