အီရန်နျူကလီးယား အခြေခံအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း CNN ပြောကြား

News Image

  • အီရန်နျူကလီးယား အခြေခံအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း CNN ပြောကြား

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း အစ္စရေးတပ်ဖွဲ့များက အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အမေရိကန်အုပ်ချုပ်ရေး အရာရှိ များ၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားပါသည်။

အစ္စရေးဘက်မှ အီရန်၏ နျူကလီးယား စက်ရုံကို တိုက်ခိုက်နိုင်ခြေသည် လွန်ခဲ့သော လအနည်းငယ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ထရမ့် ညှိနှိုင်းသော အမေရိကန်-အီရန် သဘောတူညီချက်တွင် အီရန်၏ ယူရေနီယမ်အားလုံးကို ဖယ်ရှားမထားပါက တိုက်ခိုက်နိုင်ခြေပိုမို မြင့်မား လာနိုင်သည် ဟု အမေရိကန် ထောက်လှမ်းရေးအချက်အလက်များကို သိရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အရင်းအမြစ်များက ပြောဆိုချက်အရ အစ္စရေးက တိုက်ခိုက်ရန် ပြင်ဆင်မှုနှင့် အချက်ပြမှုများတွင် လေတပ်လက်နက်ပစ္စည်းများ ရွေ့လျားမှုနှင့် လေ့ကျင့်ခန်းတစ်ခု ပြီးဆုံးခြင်းတို့ ပါဝင်သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃