မြောက်ကိုရီးယားက အနိမ့်ပျံဒုံးကျည်အများအပြားကို အရှေ့ပင်လယ်အတွင်းသို့ပစ်လွှတ်

News Image

  • မြောက်ကိုရီးယားက အနိမ့်ပျံဒုံးကျည်အများအပြားကို အရှေ့ပင်လယ်အတွင်းသို့ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက အရှေ့ ပင်လယ်အတွင်းသို့ အနိမ့်ပျံဒုံးကျည်အများအပြားကို မေလ ၂၂ ရက်တွင်ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်ဘက် ကပြောသည်။

မြောက်ကိုရီးယားစစ်ဘက်က ထိုဒုံးကျည်များပစ်ခတ်မှုကို နံနက်ပိုင်းတွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် မေလ ၈ ရက်တွင် အရှေ့တရုတ်ပင်လယ်အတွင်းသို့ တာတိုပစ်အမြင့်ပျံဒုံးကျည်များစွာကိုပစ်လွှတ်ပြီးနောက် ယခုပစ်ခတ်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားရေတပ်က စစ်ရေယာဉ်အသစ်တစ်စင်းကိုရေချစဉ် ထိုစစ် ရေယာဉ်အက်ကွဲပြီး နောက်တစ်နေ့တွင် ယခုဒုံးကျည်များကိုပစ်လွှတ်ခြင်းဖြစ်ပြီး စစ်ရေယာဉ်အက်ကွဲမှုဖြစ်စဉ်ကို သည်းမခံနိုင်ကြောင်း မြောက်ကိုရီးယားခေါင်း ဆောင်ကပြောထားသည်။ 
Ref: Yonhap

Source: Myawady Daily Newspaper

photo- The Korea Times