ထရမ့်က ၎င်း၏အစိုးရသက်တမ်းကာလအတွင်း မျိုးဆက်သစ်ဒုံးလက်နက် ကာကွယ်ရေးစနစ်သစ် ထုတ်လုပ်မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရသက်တမ်းကာလ ကုန်ဆုံးမည့် ၂၀၂၉ ခုနှစ်၊ ဇန်နဝါရီလ၌ မျိုးဆက်သစ်ဒုံးလက်နက်ကာကွယ်ရေးစနစ်သစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုထုတ်လုပ်မည့် Golden Dome စနစ်သည် အာကာသမှ ပစ်လွှတ်တိုက်ခိုက်သည့် ဒုံးလက်နက် များကိုပင် ဟန့်တားကာကွယ်နိုင်စွမ်းရှိကြောင်း၊ Golden Dome တည်ဆောက်မည့်အစီအစဉ်ကို အာကာသတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး မိုက်ကယ်ဂတ်လိုင်းအား ကြီးကြပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ Golden Dome စနစ်ကို မြေပြင်၊ ရေပြင်တွင်သာမက အာကာသတွင်လည်း ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။
တရုတ်နှင့် ရုရှားတို့၏ ဒုံးလက်နက် ခြိမ်းခြောက်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေစဉ်အတွင်း ဒေါ်လာ ၁၇၅ ဘီလီယံ ကုန်ကျမည့် Golden Dome ဒုံးလက်နက်ကာကွယ်ရေးစနစ် ထုတ်လုပ်မည့် အစီအစဉ်ကို ထရမ့်က ကြေညာခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက-၄