မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ဝင်ရောက်ကာ လူနေအိမ် ၁၅၀ လုံးခန့်အား မီးရှို့ဖျက်ဆီး

News Image

  • attack

၂၀၂၅ ခုနှစ်၊ မေ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ဝင်ရောက်ကာ လူနေအိမ် ၁၅၀ လုံးခန့်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၅ ရက် နံနက် ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်ကြီး/ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်း ဝင်ရောက်လာသဖြင့် ကျေးရွာလုံခြုံရေး ဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ထနောင်းကုန်းကျေးရွာအနောက်ဘက် ငါးမိုင်ခန့်အကွာရှိ သာစည်ကျေးရွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက်အဖွဲ့များ၏ မီးရှို့ဖျက်ဆီးသွားမှုကြောင့် လူနေအိမ် ၁၅၀ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ ထနောင်းကုန်းကျေးရွာနေ ဦးမာ(၅၅)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MOHA