မြန်မာ ၂ ဦးအပါအဝင် ဖမ်းဆီးခံ ရွှေ့ပြောင်းနေထိုင်သူများကို တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးခဲ့သည့် ထရမ့်အစိုးရအဖွဲ့ အမိန့်ချိုးဖောက်ကြောင်း တရားရုံးဆုံးဖြတ်

News Image

  • မြန်မာ ၂ ဦးအပါအဝင် ဖမ်းဆီးခံ ရွှေ့ပြောင်းနေထိုင်သူများကို တောင်ဆူဒန်သို့ ပြည်နှင့်ဒဏ်ပေးခဲ့သည့် ထရမ့်အစိုးရအဖွဲ့ အမိန့်ချိုးဖောက်ကြောင်း တရားရုံးဆုံးဖြတ်

အမေရိကန်တွင် ဖမ်းဆီးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို သမ္မတ ထရမ့်အစိုးရ၏ ပြည်တွင်းလုံခြုံရေးဌာနက စစ်ဒဏ်သင့်နေသော တောင်ဆူဒန် နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းသည် ၎င်းတို့အား လုံလောက်သည့် ကန့်ကွက်ခွင့်မပေး‌ဘဲ ပို့ဆောင်ခဲ့သည့်အတွက် တရားရုံး၏ ယခင် ဆုံးဖြတ်ချက်ကို လုံးလုံးလျားလျား ချိုးဖောက်လိုက်ကြောင်း ဖက်ဒရယ် တရားသူကြီး တစ်ဦးက မေလ ၂၁ ရက်က ဆုံးဖြတ်လိုက်သည်။ 

မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ဖမ်းဆီးခံထားရသူ (၈) ဦးကို အင်္ဂါနေ့ (မေ ၂၁) အစောပိုင်းက လေယာဉ်တစ်စီးပေါ်သို့ ပို့ဆောင်ခဲ့ကြောင်း မက်ဆာချူးဆက် ခရိုင်တရားသူကြီး ဘရိုင်ယန် မာဖီ က ပြောကြားခဲ့ပြီး ဖမ်းဆီးခံများ၏ ရှေ့နေများက အဆိုပါလေယာဥ်မှာ တောင်ဆူဒန်နိုင်ငံသို့ ဦးတည်ထွက်ခွာမည်ဟု ဆိုသည်။

ကိုးကား- CNN