မော်စကိုသို့ ဦးတည်တိုက်ခိုက်လာသည့် ယူကရိန်းဒရုန်းများကို ပစ်ချ ဖျက်ဆီး
ဗုဒ္ဓဟူးနေ့ (မေ ၂၁) နှင့် ကြာသပတေး (မေ ၂၂) နံနက်စောစောတွင် ယူကရိန်းသည် မော်စကိုသို့ ဦးတည်ကာ ဒရုန်းအုပ်စုလိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြို့တော်ဝန် Sergey Sobyanin က ပြောကြားခဲ့သည်။
၎င်း၏ Telegram Channel တွင် မော်စကိုအနီးသို့ ချဉ်းကပ်လာသည့် ဒရုန်းအနည်းဆုံး ၄၀ ကို ပစ်ချဖျက်ဆီးခဲ့ကြောင်း သိရပြီး မြေပြင်ပေါ်ရှိ ထိခိုက်သေဆုံး ပျက်စီးမှုများအကြောင်း ဖော်ပြခဲ့ခြင်းမရှိပေ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အော်လော့ဗ်၊ ခရိုင်မီးယား၊ ရီယာဇန်၊ ကာ့စ်၊ ဘယ်လ်ဂိုရုဒ်၊ ဘရီယန်းစ် နှင့် လီပက်စ်တ်စ် အပါအဝင် တစ်နိုင်ငံလုံး အနှံ့ ဒရုန်းကျူးကျော်မှုများစွာကို ထုတ်ပြန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ (မေ ၂၁) နံနက် ၄ နာရီမှ ည ၁၁:၅၀ နာရီအတွင်း ရုရှားနယ် ပိုင်နက်အတွင်း ဝင်ရောက်လာသည့် အနည်းဆုံး ဒရုန်း၂၄၉ စင်းကို ကြားဖြတ် ဟန့်တား နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။
ရုရှားမီဒီယာများအရ မော်စကို၏ Domodedovo၊ Zhukovsky နှင့် Sheremetyevo လေဆိပ်များသည် ဒရုန်းတိုက်ခိုက်မှုကြောင့် ယာယီပိတ် ထားခဲ့သည်။ Domodedovo လေဆိပ်တည်ရှိရာ ခရိုင် အုပ်ချုပ်ရေးမှူး Evgeniya Khrustaleva က ထိုဒေသတွင် လေကာစနစ်များ လုပ်ဆောင် နေကြောင်း ပြောကြားခဲ့သည်။
မော်စကိုဒေသတွင် နေထိုင်သူများကလည်း ယူကရိန်းဒရုန်းများ ရုရှား မြို့တော်ဆီသို့ ပျံသန်းနေသည့် ဗီဒီယိုများကို မျှဝေခဲ့ကြသည်။ တစ်ခုသော ဗီဒီယိုတွင် ဒရုန်းတစ်စင်းလေထဲတွင် ပေါက်ကွဲသည့် အခိုက် အတန့်ကိုပါ ရိုက်ကူးထားသည်ကို တွေ့ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂