အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရဲတပ်ဖွဲ့အတွက် ရုရှား၏ အဆင့်မြင့် AK-203 ရိုင်ဖယ်များ ပေးပို့မည်
အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရဲတပ်ဖွဲ့အတွက် ရုရှား၏ အဆင့်မြင့် AK-203 တိုက်ခိုက်ရေးရိုင်ဖယ်များ ပေးပို့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ကုန်သွယ်ရေးကုမ္ပဏီ Rosoboronexport က ကြေညာထားပါသည်။
ထိုသဘောတူညီမှုမှာ အိန္ဒိယ-ရုရှား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အဆင့်တစ်ခုဖြစ်ပြီး အိန္ဒိယအား AK-203 ထုတ်လုပ်ရာ တွင် နည်းပညာလွှဲပြောင်းပေးမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။
AK-203 ရိုင်ဖယ်များသည် 7.62x39mm ကျည်ဆန်အမျိုးအစား အသုံးပြု ရပြီး ၇၀၀ မီတာအကွာအဝေးအထိ ထိရောက်စွာ ပစ်ခတ်နိုင်ကာ အိန္ဒိယ - ရုရှား ပူးပေါင်းလုပ်ကိုင်သည့် Amethi စက်ရုံတွင် ဆက်လက် ထုတ်လုပ်မည် ဖြစ်ပါသည်။
အထူးသဖြင့် ယခု သဘောတူညီမှုမှာ အိန္ဒိယ၏ ကာကွယ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် Make in India စီမံကိန်းကို အားဖြည့်ရန် ရည်ရွယ်သည် ဟု Rosoboronexport ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြထား ပါသည်။
AK-203 များသည် Naxalite လက်နက်ကိုင်လှုပ်ရှားမှုများနှင့် နယ်စပ် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် ကီရာလာရဲတပ်ဖွဲ့ အတွက် သိသာစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
ကိုးကား- Sputnik
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃