အိုင်ဖုန်းများကို အမေရိကန်၌ မထုတ်လုပ်လျှင် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်သတိပေး
အပ်ပဲကုမ္ပဏီအနေဖြင့် အိုင်ဖုန်းများကို အမေရိကန်ပြည်ထောင်စု၌ မထုတ်လုပ်လျှင် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၃ ရက်တွင်သတိ ပေးလိုက်ကြောင်း သိရသည်။
ထရမ့်၏သတိပေးချက် ထွက်ပေါ်လာပြီးနောက် စတော့ဈေးကွက် အတွင်းရှိ အပ်ပဲကုမ္ပဏီ၏ ရှယ်ယာမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ရှိရသည်။
“ကျွန်တော့်အနေနဲ့ အပ်ပဲရဲ့အမှုဆောင်ချုပ် တင်ကွတ်ကို ယခင်ကတည်းကသတိပေးခဲ့တာရှိပါတယ်။ အမေရိကန်မှာရောင်းမယ့်အိုင်ဖုန်းတွေကို အမေရိကန်မှာပဲ ထုတ်လုပ်ဖို့ပါ။ အိန္ဒိယမကလို့ ဘယ်နေရာမှာပဲ ထုတ်လုပ်သည်ဖြစ်စေ အဲဒီကနေ အမေရိကန်ကို အိုင်ဖုန်းတွေ သွင်းလာတာနဲ့ သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံပါမယ်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးထားသည်။
ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအပေါ်အခွန်များ တိုးမြှင့်ချမှတ်သည့်အတွက် အပ်ပဲကုမ္ပဏီက ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal