ရုရှားက ယူကရိန်းတွင် Buffer zone တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသည် ဟု ပူတင်ဆို

News Image

  • ရုရှားက ယူကရိန်းတွင် Buffer zone တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသည် ဟု ပူတင်ဆို

ရုရှားတပ်မတော်အား ယူကရိန်းနယ်စပ်တစ်လျှောက် “လုံခြုံရေးကြားခံဇုန်” ဖန်တီးရန် တာဝန်ပေးထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့ (မေ ၂၂) တွင် ပြောကြားခဲ့သည်။

ပူတင်က အစိုးရအဖွဲ့အစည်းအဝေးတွင် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော Kursk, Belgorod and Bryansk ကဲ့သို့သော နယ်စပ်ဒေသများ၏ လုံခြုံရေးအခြေအနေကို ဆွေးနွေးခဲ့ပြီး ထိုဒေသခံများအား အထောက်အပံ့ပေးရန် အချက်များကိုလည်း ဆွေးနွေးခဲ့သည်။

“နယ်နိမိတ်တစ်လျှောက် လုံခြုံရေးဇုန်အဖြစ် အကာအကွယ်နယ်မြေ (Buffer zone) တစ်ခု ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ရုရှား တပ်မတော်မှ ယခုအချိန်တွင် ထိုတာဝန်ကို တက်ကြွစွာ ဆောင်ရွက်နေပါသည်။ ရန်သူ၏ တိုက်ခိုက်လာမှုများကို တုန့်ပြန်နှိမ်နင်းကာ လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေပါသည်” ဟု ပူတင်က ပြောကြားခဲ့သည်။

ပူတင်က ရုရှားနယ်စပ်ဒေသများရှိ အရပ်သားများအား ယူကရိန်း၏ တာဝေးပစ်လက်နက်များအန္တရာယ်မှ ကာကွယ်ရန် ဤကဲ့သို့သော လုံခြုံရေးဇုန်တစ်ခု ဖန်တီးလုပ်ဆောင်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် မတ်လ ကတည်းက ဖော်ပြခဲ့သည်။ ထိုစဉ်က “မိမိတို့ သင့်တော်သည်ဟု ယူဆ ပါက ရုရှားတပ်များမှ ရန်သူအတွက် ဖြတ်ကျော်ရန် အထူးခက်ခဲစေမည့် လုံခြုံရေးဇုန်တစ်ခုကို ဖန်တီးမည်” ဟု ပြောကြားခဲ့သည်။

ရုရှား၏ ကာ့စ်ခ်ဒေသရှိ Lgov မြို့တွင် အရပ်သားများ နေထိုင်ရာ နေရာများကို ယူကရိန်းဘက်မှ ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ အနည်းဆုံး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် သမ္မတပူတင်မှ လုံခြုံရေးဇုန် ဖော်ဆောင်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။ Kursk-Rylsk အဝေးပြေးကားလမ်းမ၏ မြို့အဝင်နေရာအနီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ကာ့စ်ခ် ဒေသခေတ္တအုပ်ချုပ်ရေးမှူး Aleksandr Khinshtein က ပြောကြားခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုတွင် အမေရိကန် ထောက်ပံ့ထားသော HIMARS ဒုံးကျည် အနည်းဆုံး ၃ စင်းအထိ ပါဝင်သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂