လေယာဉ်တင်သင်္ဘောတစ်စီးမှ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်စစ်ဘက်ပြော
ယခုနှစ်အစောပိုင်းက ဆိုမာလီယာနိုင်ငံတွင် လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘောတစ်စီးမှ အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ သည်ဟု ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ကီဘိုင်က ပြောကြားခဲ့ပါသည်။ အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman နှင့် ၎င်း၏ တိုက်ခိုက်ရေးတပ်ဖွဲ့တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် လေယာဉ်တင် သင်္ဘောတစ်စီးမှ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု ဂျိမ်းစ်ကီဘိုင်ကပြောကြားခဲ့ပါသည်။ အမေရိကန် လေယာဉ်တင်သင်္ဘော USS Harry S. Truman နှင့် ၎င်း၏တိုက်ခိုက်ရေးတပ်ဖွဲ့တို့သည် (၁၂၅၀၀၀)ပေါင် ရှိသောကြီးမားသည့် လေကြောင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂျိမ်းစ်ကီဘိုင် က ပြောကြား ခဲ့ပါသည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကို လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး F/A-18 Super Hornets တိုက်လေယာဉ် (၁၆)စင်း ပါဝင်ခဲ့သည်ဟု ဂျိမ်းစ်ကီဘိုင်က ပြောကြားခဲ့ပါသည်။အမေရိကန်အာဖရိက စစ်ဌာနချုပ်၏အဆိုအရ ဆိုမာလီယာနိုင်ငံ၌ ရှိသော အမေရိကန်တပ်ဖွဲ့များသည် ISIS အကြမ်းဖက်အဖွဲ့နှင့် အယ်လ် ကိုင်းဒါး အကြမ်းဖက်အဖွဲ့တို့နှင့် ဆက်နွှယ်သည့် အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့များကို လွန်ခဲ့သောဇန်နဝါရီလတည်းက လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း(၂၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ကိုးကား- NP News