နော်ဒစ်နိုင်ငံများက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဟု နော်ဝေ ပြော

News Image

  • နော်ဒစ်နိုင်ငံများက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဟု နော်ဝေ ပြော

နော်ဒစ်နိုင်ငံများသည် ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်နေသည်ဟု နော်ဝေ ဝန်ကြီးချုပ် Jonas Gahr Store က ပြောကြားခဲ့ပါသည်။

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများရှိနေသည့်ကြားတွင် Jonas Gahr Store က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ Jonas Gahr Store က “မိမိ တို့သည် ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်နေသည်ဆိုသည်ကို အပြည့်အဝယုံကြည်စိတ်ချနိုင်ပါသည်။ အာတိတ်ဒေသသည် ကန့်သတ်နယ်မြေတစ်ခုဖြစ်ပြီး ပင်လယ်ဥပဒေက အကျုံးဝင်ပါသည်။ ထို့ကြောင့် ဖိအားပေးခံနေရသည့် မည်သည့် အသိုင်းအဝိုင်းနှင့်မဆို မိမိတို့ ခိုင်မာစွာရပ်တည်သွားမှာပါ” ဟု ပြောဆိုခဲ့ပါသည်။

ဂရင်းလန်းကျွန်းကို သိမ်းယူရန်အတွက် ခြိမ်းခြောက်မှုများကို ဒေါ်နယ် ထရမ့်က စတင်တာဝန်ယူစဉ်ကာလမှပင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သောဖြစ်စဉ်များ ထွက်ပေါ်လာခြင်းလည်းဖြစ်ပါသည်။ ဂရင်းလန်း ကျွန်းသည် စစ်ရေးအရ အရေးပါသည့် နေရာတစ်ခုဖြစ်တည်နေခြင်းကြောင့် အမေရိကန်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန်လိုအပ်သည်ဟု ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ထုတ်ပြန်ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါသည်။

ကိုးကား- NP News