တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” စတင်

News Image

  • တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” စတင်

တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” ကို ဒေသစံတော်ချိန် မေ ၂၉ ရက် နံနက် ၆ နာရီတွင် စတင် ကျင်းပခဲ့သည်။ ယခုအကြိမ် သမ္မတရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” သည် မေ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ထိုစဉ်အတွင်း ရရှိသော မဲအရေ အတွက်သည် ရွေးကောက်ပွဲနောက်ဆုံး မဲပေးမှုရလဒ်၌ ထည့်သွင်း တွက်ချက်မည်ဖြစ်သည်။

“ကြိုတင်မဲပေးမှု” ဆိုသည်မှာ ရွေးကောက်ပွဲအတွက် မဲပေးရမည့် နေ့ တွင် လာရောက်မဲပေးရန် ပျက်ကွက်နိုင်ခြေရှိသည့် မဲဆန္ဒရှင်များ အတွက် ကြိုတင်မဲပေးခွင့်ပေးထားသော စနစ်ဖြစ်ကာ မဲဆန္ဒရှင်များ မဲပေးရန် စိတ်အားထက်သန်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၃ ခုနှစ်က “ကြိုတင်မဲပေးမှု”ရွေးကောက်ပွဲစနစ်ကို စတင်ထည့်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် “ကြိုတင်မဲပေးမှု” ကို ကျင်းပခဲ့သည်။

မေ ၂၆ ရက်မှ မေ ၂၇ ရက်အထိ ကောက်ယူခဲ့သည့် သမ္မတလောင်း ထောက်ခံအားပေးမှုနှုန်း စစ်တမ်း၌ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျေမြောင်က ထောက်ခံမှု ၄၉.၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ပြည်သူ့အင်အားပါတီ သမ္မတလောင်း ကင်မွန်ဆူက ၃၆.၈ ရာခိုင်နှုန်း၊ ပြုပြင်ပြောင်းလဲရေးပါတီ သမ္မတလောင်း လီဂျွန်ဆော့ကမူ ၁၀.၃ ရာခိုင်နှုန်းရှိကြောင်း တောင်ကိုရီးယား ပြည်သူ့စစ်တမ်းအဖွဲ့အစည်း ဖြစ်သော “စစ်မှန်သော ရေတွက်ရေးကိရိယာ (Realmeter)” ၏ မေ ၂၈ ရက် နောက်ဆုံးစစ်တမ်းရလဒ်အရ သိရသည်။

ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ကြေညာခဲ့ရာ ယွန်းဆက်ယိုသည် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ တရားဥပဒေအရ တောင်ကိုရီးယားနိုင်ငံသည် ရက်ပေါင်း ၆၀ အတွင်း သမ္မတအသစ် ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတအသစ် ရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပရန် သတ်မှတ် ထားသည်။ 

ကိုးကား- Xinhua