မလေးရှား၌ ကျောင်းကားနှင့်အခြားယာဉ်တို့ တိုက်မိမှုဖြစ်ပွား၊ လူ ၁၅ ဦးသေဆုံး
မလေးရှားနိုင်ငံ၌ ကျောင်းသားများကို တင်ဆောင်လာသည့် ကျောင်းကားတစ်စီး နှင့်အခြားယာဉ်တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံး ကြောင်း တာဝန်ရှိသူများကပြောသည်။
အဆိုပါယာဉ်တိုက်မှုသည် ပီရတ်ပြည် နယ်ရှိ အရှေ့-အနောက်အမြန်လမ်းမကြီး ၌ နံနက်အစောပိုင်းတွင်ဖြစ်ပွားခြင်းဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။
ယာဉ်တိုက်မှုသည် ဇွန်လ ၉ ရက် နံနက် ၁ နာရီ ၁၀ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါယာဉ်တိုက်မှု၌ လူ ၄၈ ဦးပါဝင် ကာ ၁၃ ဦးမှာ နေရာမှာပင် ပွဲချင်းပြီးသေ ဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ နောက်ထပ်နှစ်ဦးမှာ ဆေးရုံတွင်သေဆုံးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကိုကိုးကား၍ Bernama သတင်းဌာနကဖော်ပြထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အဆင့်မြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစုများကို သင့်လျော်သလိုကူညီပေးရန် ဝန်ကြီးချုပ် ကညွှန်ကြားထားသည်။
Ref: Xinhua
Photo- NDTV