တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းအငူပြည်နယ်၌ ရေကြီးမှုဖြစ်ပွား သေဆုံးသူ ၈၆ ဦးအထိမြင့်တက်
ကိပ်တောင်း၊ သဘာဝဘေး
တောင်အာဖရိကနိုင်ငံရှိ အရှေ့ပိုင်းအငူ ပြည်နယ်၌ ရေကြီးမှုများဖြစ်ပွားရာ သေဆုံးသူ ၈၆ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန် လ ၁၄ ရက်တွင်အတည်ပြုထားသည်။
အဆိုပါရေကြီးမှုသည်ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ထိုကဲ့သို့ရေကြီးမှုကြောင့် နေအိမ်များ၊ အစိုးရ ရုံးအဆောက်အအုံများ၊ လမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများပျက်စီးရပြီး လူထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရကြောင်း ပြည်ထဲရေးဝန်ကြီး ဆန်ဇိုမက်ချူနူကပြောသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဆီးနှင်းကျဆင်းခြင်းတို့အပါအဝင် ဆိုးဝါးလှသော ရာသီဥတုအခြေအနေကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးရသည်သာမက ပျက်စီးဆုံးရှုံးမှုများလည်း များပြားရ ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောထားသည်ဟု သိရသည်။
Ref: Xinhua
Photo - Online Media
MM-News-Category