ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ဂျီ- ၂၀ ခေါင်းဆောင်များ ဆွေးနွေးမည်
ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၁၈
ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုဆိုင်ရာပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန်အတွက် အဓိက စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ မှ ခေါင်းဆောင်များသည် နှစ်ရက်ကြာ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ နိုဝင်ဘာ ၁၈ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ ဂျပန်ဝန်ကြီးချုပ် အီရှီဘာရှီဂဲရု၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဂျီ- ၂၀ ခေါင်းဆောင်များသည် ထိပ်သီးအစည်းအဝေးပွဲ ပထမနေ့တွင် ငတ်မွတ်ခေါင်းပါးမှုနှင့်ဆင်းရဲနွမ်းပါးမှုများကို ကိုင်တွယ်ဖြေရှင်းရေးအစီအမံများကို မည်ကဲ့သို့ လုပ်ဆောင်သွားမည်ဆိုသည်ကို ဆွေးနွေးသွားဖွယ်ရှိသည်။
ထို့အပြင် ၎င်းတို့သည် နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးမှုအတွင်း ရာသီဥတုဆိုင်ရာပြောင်းလဲမှုအပါအဝင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြရန် စီစဉ်ထားသည်။
ယင်းထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ကျမ်းသစ္စာမကျိန်ဆိုမီ နှစ်လအလိုတွင် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် ရာသီဥတုဆိုင်ရာ ပြောင်းလဲရေးအစီအမံများကို လုပ်ဆောင်ရန် တွန့်ဆုတ်နေသူဖြစ်ပြီး နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုမျာကိုသာ ဦးစားပေးသူဖြစ်သည်ဟု မှတ်ယူထားကြကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ
Source- မြန်မာ့အလင်းသတင်းစာ