ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ပြုလုပ်မည်

News Image

  • ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ပြုလုပ်မည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင်ကစားသမားများရွေးချယ်ပွဲကို ယခုလ ဇွန်လ (၂၂)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

အဆိုပါ ကစားသမားရွေးချယ်ပွဲအား ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ပြုလုပ်မည်ဖြစ်ကာ ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။

ယင်းနေ့တွင်ပင် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG)တို့က ကြီးမှူး၍ 2025 Olympic Day Movement အနေဖြင့် ရိုးရာလက်ဝှေ့ကလပ်ပေါင်းစုံ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို တဆက်တည်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် မွေထိုင်နှင့် ကစ်ဘောက်စင်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Source: Popular Myanmar