ဖင်လန်နိုင်ငံနှင့် ဂျာမနီနိုင်ငံကို ဆက်သွယ်ထားသော တစ်ခုတည်းသော ရေအောက် ကေဘယ်ကြိုး ပြတ်တောက်
နိုဝင်ဘာ ၁၉
ဖင်လန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံ ကို ဆက်သွယ်ထားသော တစ်ခုတည်းသော ရေအောက် ကေဘယ်ကြိုး ပြတ်တောက်သွားခြင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရပါသည်။
ဖင်လန်နိုင်ငံပိုင် Cinia ကုမ္ပဏီသည် တနင်္လာနေ့မွန်းလွဲပိုင်းတွင် ကမ်းလွန်ပင်လယ်ပြင်ရှိ အဆိုပါ ကေဘယ် ကြိုးပြတ်တောက်ကြောင်း ကြေညာခဲ့သည်။ ပြတ်တောက်သွားသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရှိရသေးကြောင်း သိရှိရပါသည်။
C-Lion1 ကေဘယ်လ်ကြိုး ကို ၂၀၁၆ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး အဆိုပါကေဘယ်သည် အရှည် ၁ ကီလိုမီတာမှ ၂၀၀ ကီလိုမီတာအထိရှိပြီး သမုဒ္ဒရာမျက်နှာပြင်အောက် တစ်မီတာခန့်အနက်တွင် မြှုပ်နှံထားကြောင်း၊ အဆိုပါ ရေအောက်ကေဘယ်သည် Nord Stream ဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် သွယ်တန်းထားကြောင်း ဖော်ပြထားပါသည်။
Cinia CEO Ari-Jussi Knaapila ၏ ပြောကြားချက်အရ ကေဘယ်ကြိုးဖြတ်တောက်မှုသည် ဆွီဒင်၏ အထူးစီးပွားရေးဇုန်တွင် ကေဘယ်ကြိုးအရှည်၏ တစ်ဝက်နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
C-Lion1 ရေအောက်ကေဘယ်သည် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းခံရခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ တိကျသော အချက်အလက် မရှိသေးကြောင်း Cinian ကုမ္ပဏီ၏ ဆက်သွယ်ရေး ဒါရိုက်တာ Henri Kronlund က ပြောကြားခဲ့ပါသည်။
Source: Reuters သတင်းဆောင်းပါး