တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade -12) ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ် ဆက်လက်ဖြေဆို

News Image

  • တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade -12) ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ် ဆက်လက်ဖြေဆို

တံတားဦး ၊ ဇွန် - ၁၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်း Grade – 12 ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဇွန်လ ၁၇ ရက်နေ့၊နံနက် (၉) နာရီအချိန်က စတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည် ။

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)တွင် တံတားဦး မြို့နယ်အနေဖြင့် အထက-တံတားဦးစာစစ်ဌာနနှင့် ချောင်းခွစာစစ်ဌာနတို့ဖြစ်ပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၂၃၁)ဦး၊ ကျောင်းသူ(၂၃၈)ဦး စုစုပေါင်း (၄၆၉)ဦး စာရင်းပေးထား သော်လည်း ၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၂၂၇) ဦး၊ ကျောင်းသူ (၂၃၈)ဦး စုစုပေါင်း(၄၆၅)ဦး ဖြေဆိုသူအားဖြင့် (၉၉.၁၅)ရာခိုင်နှုန်း ရှိပါကြောင်း၊ ထို့အပြင်  ချောင်းခွစာစစ်ဌာနတွင်  ဖြေဆိုရန်ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားသော်လည်း အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀)ရာခိုင်နှုန်း ရှိပါကြောင်း၊ တံတားဦး မြို့နယ်အနေဖြင့် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12  တွင် လာရောက်ဖြေ ဆိုသည့် ကျောင်းသား(၂၉၅)ဦး ၊ ကျောင်းသူ(၃၆၇)ဦး စုစုပေါင်း(၆၆၂)ဦး ၊ ရာခိုင်နှုန်းအားဖြင့် (၉၉.၄၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)