MNL League Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

News Image

  • MNL League Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

ရန်ကုန် ဇွန် ၁၈
MNL League Cup ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ တွင်ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက် အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ နိုင်ပွဲရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
MNL League Cup ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့် ပွဲစဥ်များကို ယနေ့ ညနေ ၃နာရီခွဲက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် ရှမ်း ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက်သွင်းဂိုးများကို ပွဲချိန် ကိုးမိနစ်တွင် မြတ်ကောင်းခန့်နှင့် ပွဲချိန် ၄၅ မိနစ် တွင် သက်ဟိန်းစိုးတို့က သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၃ နာရီခွဲက ဒဂုံပေါ့အသင်းနှင့် ရတနာပုံ အက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ပွဲချိန်အတွင်း ဂိုးမရှိသရေရလဒ်ကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ ရတနာပုံအက်ဖ်စီအသင်းက ခုနစ်ဂိုး ခြောက်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
MNL League Cup ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ ကို ဇွန် ၁၉ ရက်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

STA

YDNB Newspaper