မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ငွေလှူဒါန်းမှုအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူ

News Image

  • မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ငွေလှူဒါန်းမှုအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူ

ဇွန် ၁၇၊ ဆိုးလ်

မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က အင်အား ရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Cheol-hong HUH မှ အလှူငွေ စုစုပေါင်း ကိုရီးယားဝမ် (၁) သန်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၁၇-၆-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

MOHA