အစ္စရေးရှိ အမေရိကန်သံရုံးကို ဇွန်လ ၂၀ ရက်နေ့အထိ ယာယီ ပိတ်ထားမည်

News Image

  • အစ္စရေးရှိ အမေရိကန်သံရုံးကို ဇွန်လ ၂၀ ရက်နေ့အထိ ယာယီ ပိတ်ထားမည်

ဒေသတွင်း လုံခြုံရေးဆိုင်ရာအခြေအနေများကြောင့် ဂျေရုဆလင်ရှိ အမေရိကန်သံရုံးကို ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို ဇွန်လ ၁၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဂျေရုဆလင်နှင့် တဲလ်အဗီးရှိ ကောင်စစ်ဝန်ရုံများကိုလည်း ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် “အရေးပေါ်အခြေအနေမျိုးတွင် အမေရိကန် နိုင်ငံသား တစ်ဦးချင်းစီအား ပဋိပက္ခဖြစ်ပွားသည့်ဒေသများမှ ပြန်လည်ထွက်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးရန် အမြဲစီစဉ်ထားရှိကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ အမေရိကန်နိုင်ငံသားများအား အဆိုပါဒေသအတွင်းမှ ထွက်ခွာရန်ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်း မရှိသေးကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြ ထားပါသည်။

ကိုးကား - NHK

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)