လူမှုရေးအရ အထီးကျန်မှုပြဿနာနှင့် အရွယ်မတိုင်မီ သေဆုံးရနိုင်ခြေတို့ကြား ဆက်စပ်မှုမရှိဟုဆို

News Image

  • လူမှုရေးအရ အထီးကျန်မှုပြဿနာနှင့် အရွယ်မတိုင်မီ သေဆုံးရနိုင်ခြေတို့ကြား ဆက်စပ်မှုမရှိဟုဆို

နယူးယောက် ဇွန် ၁၉

လူမှုရေးအရ အထီးကျန်မှုပြဿနာမှာ အများပြည်သူကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော်လည်း ၎င်းပြသနာနှင့် အရွယ်မတိုင်မီ သေဆုံးရနိုင်ခြေတို့ကြား ဆက်စပ်မှုမရှိကြောင်း ဇွန် ၁၈ ရက်သတင်းများအရ သိရသည်။

လူမှုရေးအရ အထီးကျန်မှုပြဿနာသည် နှလုံးရောဂါ၊ စိတ်ကျဝေဒနာ၊ ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) စသည့်ရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာမှုများနှင့် ဆက်စပ်နေကြောင်း ဆေးပညာရှင်များက ပြောကြားထားသည်။

သို့ရာတွင် အမေရိကန်နိုင်ငံ ဝါတာလူးတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လူမှုရေးအရ အထီးကျန်မှုသည် ကျန်းမာရေးအတွက် ဆိုးကျိုးရှိသော်လည်း ဆုံးပါးချိန်မတန်ဘဲ ဆုံးပါးနိုင်ခြေမြင့်တက်လာမှုနှင့်ပတ်သက်၍ ဆက်စပ်မှုမရှိကြောင်း သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်း ၃၈၀၀၀၀ ကျော်ကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းတို့၏ လေ့လာတွေ့ရှိချက်အရ လူမှုရေးအရ အထီးကျန်မှုပြဿနာသည် သက်ကြီးပိုင်းများ၏ စိတ်ကျန်းမာရေးအတွက် အဓိကပြဿနာတစ်ရပ်ဖြစ်နေသည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ