ဒီဂျစ်တယ်ယွမ်ကို ဗဟုမဏ္ဍိုင် ငွေကြေးစနစ်တွင် အသုံးပြုရန် တရုတ် နိုင်ငံက တိုက်တွန်း
(ရိုက်တာ၊ ဇွန် ၁၈)
တရုတ်ဗဟိုဘဏ်အကြီးအကဲက ဒီဂျစ်တယ် ယွမ်ကို နိုင်ငံတကာအဆင့်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပေး ပြောကြားပြီး၊ ငွေကြေးအမျိုးအစား များစွာ လွှမ်းမိုးနေသည့် ကမ္ဘာ့စီးပွားရေးစနစ်တွင် ဗဟုမဏ္ဍိုင်ကမ္ဘာသုံးငွေကြေးစနစ် ဖွံ့ဖြိုးတိုးတက် လာစေရေး တောင်းဆိုလိုက်ပါသည်။
တရုတ်နိုင်ငံသည် ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာ e-CNY အော်ပရေးရှင်းဗဟိုဌာနကို တည်ထောင် သွားရန်ရှိကြောင်း၊ တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌဖြစ်သူ Pan Gongshengက ဒေသတွင်းနှင့် နိုင်ငံ တကာ ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ Lujiazui Forumတွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က ပြောကြားလိုက်ပါသည်။
အမေရိကန်ပြည်ထောင်စု၏ အကောက်အခွန်နှုန်းထား မူဝါဒများကြောင့် နိုင်ငံတကာကုန်သွယ်ရေး တင်းမာမှုနှင့် ဒေါ်လာအခြေခံ ရင်းနှီးမြှုပ်နှံသူများအတွက် အခြားရွေးချယ်စရာရန် အားပေးသည့် ကမ္ဘာသုံး ယွမ်ငွေကို နှစ်သက်သဘောတွေ့လာကြမည်ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် အနောက်နိုင်ငံအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးစနစ် လွတ်လပ်ပြီး တိုးတက်မှုရှိလာစေရန် ကြိုးပမ်းမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်သွယ်မှု ပုံသဏ္ဍာန် အရွှေ့အပြောင်းနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး ချိန်ညှိမှုတို့၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု တို့၏ တွန်းအားရရှိရေးသည်လည်း အရေးကြီးပါကြောင်း၊ “ဗဟုမဏ္ဍိုင် နိုင်ငံတကာ ငွေကြေးစနစ် ဖြစ်ထွန်းရေးသည် အချုပ်အခြာပိုင် နိုင်ငံများ၏ငွေကြေးအပေါ် မူဝါဒဆိုင်ရာ ကန့်သတ်ချက်များကို ခိုင်မာစေခြင်း၊ ဘဏ္ဍာရေးစနစ်၏ တုန့်ပြန်နိုင်ငံစွမ်းကို မြှင့်တင်ပေးခြင်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပိုမိုတည်ငြိမ်စေရေးအတွက် ထိန်းချုပ်နိုင်ငံခြားစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း” ၎င်းက ပြောကြားလိုက်ပါသည်။
ကိုးကား -Reuters
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ