Netanyahu သည် Hitler ထက်ပင် ပိုမိုဆိုးရွားနေသည်ဟု Erdogan ပြောဆို
တူရကီသမ္မတ Recep Tayyip Erdogan သည် ဂါဇာမှ အစ္စရေး၏ ကျူးကျော်စစ်နှင့် အီရန်အပေါ် ဆက်လက်တိုက်ခိုက်မှုများကို ရှုတ်ချပြီး ဝန်ကြီးချုပ် Benjamin Netanyahu ကို Adolf Hitler နှင့် နှိုင်းယှဉ် ပြောဆိုခဲ့သည်။
တူရကီသမ္မတက အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် ဥပဒေအရ အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။ Erdogan သည် အနောက် ဂျေရုဆလင် (အစ္စရေး) အား “တရားမဲ့ပြုကျင့်ခြင်းနှင့် နိုင်ငံတော် အကြမ်းဖက်မှု” ကျူးလွန်သည်ဟု စွပ်စွဲကာ ရန်လိုသော ပြောဆိုမှုများ ပြုလုပ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။
ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က လွှတ်တော်တွင် ၎င်း၏ AK ပါတီအဖွဲ့ဝင်များအား မိန့်ခွန်းပြောကြားရာတွင် Erdogan က “ဒုတိယကမ္ဘာစစ်ကာလက ထိတ်လန့်စရာ ဓာတ်ပုံနှင့် ဗီဒီယိုများသည်ပင် ယခု ဂါဇာတွင် မြင်တွေ့ နေရသည်များနှင့်ယှဉ်လျှင် မှေးမှိန်သွားသည်” ဟု ဆိုကာ Netanyahu သည် “လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝင်တွင် အာဏာရှင် Hitler ထက် များစွာ ကျော်လွန်သွားပြီ” ဟု စွပ်စွဲပြောဆိုခဲ့သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar က Erdogan ၏ ပြောဆိုချက်ကို ပြန်လည်ချေပခဲ့ပြီး X (Twitter) တွင် “အာဒိုဂန်သည် မိမိကိုယ် ကို ဆူလတန်ဘုရင်အဖြစ် မြင်နေပြီး အစ္စရေးနှင့် အစ္စရေးဝန်ကြီးချုပ်ကို ဆက်လက်ထိုးနှက်နေသည်” ဟု ရေးသားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂