အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို အီရန်က လက်ခံနိုင်ဖွယ်ရှိ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို အီရန်က လက်ခံနိုင်ဖွယ်ရှိ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးရေးကမ်းလှမ်းချက်ကို အီရန်အနေဖြင့် မကြာမီ လက်ခံဖွယ်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ The New York Times သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi အနေဖြင့် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ နျူကလီးယားအစီအစဉ်များနှင့်ပတ်သတ်၍ အမေရိကန်၏ ဆွေးနွေးရန်ကမ်းလှမ်းချက်ကို လက်ခံနိုင်ဖွယ် ရှိကြောင်း အမည်မဖော်လိုသူ အီရန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ The New York Times သတင်းစာတွင် ဇွန်လ ၁၈ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

 “အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်လာနိုင်ဖွယ်ရှိသည့် အခြေအနေကို မိမိအနေဖြင့် တားဆီးခဲ့ခြင်းမရှိကြောင်း၊ မိမိအနေဖြင့် အစ္စရေးနှင့် အီရန်စစ်ပွဲ၌ ပါဝင်ချင်ပါက ပါဝင်မည်၊ မပါဝင်ချင်ပါက မပါဝင်ပါ။ ဆိုလိုတာကတော့ မိမိဘာလုပ်မည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပါ” ဟု ထရမ့်က ဇွန်လ ၁၈ ရက်နေ့တွင် အရိပ်အမြွတ် ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အီရန်နှင့် တွေ့ဆုံဆွေးနွေးမည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှုအစီအစဉ်များကို စွန့်လွှတ်ရန် သဘောတူညီပါက ယခုသတင်းပတ်အတွင်း အမေရိကန်ဘက်မှ သမ္မတထရမ့်၏ အထူးကိုယ်စားလှယ်ဖြစ်သူ Steve Witkoff သို့မဟုတ် ဒုတိယသမ္မတ JD Vance က ဦးဆောင်ပြီး အီရန်အစိုးရဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် အဆင့်မြင့်အရာရှိများအစည်းအဝေး တစ်ရပ် ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ABC သတင်းကလည်း ဇွန်လ ၁၈ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ကိုးကား - The New York Times 

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက(၄)