မည်သည့်ပြန်လည်တုံ့ပြန်မှုကိုမဆို “အဆပေါင်းများစွာ ပိုမို ကြီးမားသော” အင်အားဖြင့် ရင်ဆိုင်မည်ဟု ထရမ့်က အီရန်ကို သတိပေးချက် ပေးပို့
ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား ပြင်းထန်သော သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အကယ်၍ အီရန်က အင်အားသုံး တုံ့ပြန်မည်ဆိုပါက အလွန်ပြင်းထန်စွာ ပြန်လည်တုံ့ပြန်မည်ဟု ကတိပြုလိုက်သည်။
“အီရန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုအား မည်သည့်တုံ့ပြန်မှုမဆို ယမန်နေ့ည (ဇွန် ၂၂) က ကြုံတွေ့ခဲ့ရသည်ထက် အဆမတန် ကြီးမားသော အင်အားဖြင့် ရင်ဆိုင်တုံ့ပြန်မည်” ဟု ထရမ့်က Truth Social တွင် ရေးသား ခဲ့သည်။
ထရမ့်၏ အဆိုပါဖော်ပြချက်သည် အီရန်၏ ပြန်လည်တုံ့ပြန် တိုက်ခိုက်မှု များရှိလာပါက ပိုမိုပြင်းထန်စွာ တိုက်ခိုက်ရန် အဆင်သင့်ရှိကြောင်း ဖော်ပြနေပြီး အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့် “လုံးဝခွင့်မပြု” ဟူသော သမ္မတ၏ တည်မြဲနေသော ကတိကဝတ်ကို ထပ်မံအားဖြည့် ပေးနေသည်။
ကိုးကား- CNN
Photo: RaillyNews
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
MM-News-Category