အိန္ဒိယနိုင်ငံ၌ သီတင်းပတ်ပေါင်းများစွာအထိလုံလောက်သည့် ရေနံစိမ်းများရှိဟုဆို
အိန္ဒိယနိုင်ငံ၌ လာမည့်သီတင်းပတ်ပေါင်းများစွာအထိ လုံလောက်မှုရှိသည့် ရေနံစိမ်းများရှိကြောင်းနှင့် နိုင်ငံအနေဖြင့် လိုအပ်သောရေနံစိမ်းများကို အရင်းအမြစ် ပြောင်းလဲတင်သွင်းထားကြောင်း အိန္ဒိယရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ကြီး ဟားဒိဆင်းပူရီက ဇွန်လ ၂၂ ရက်တွင်ပြောထားသည်။
အမေရိကန်က အီရန်အပေါ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် အီရန်နိုင်ငံက ၎င်းတို့ထိန်းချုပ်ထားသော ဟော်မုရေလက်ကြားကို ပိတ်လာနိုင်သည့်အခြေ
အနေနှင့်ပတ်သက်၍ ဆင်းပူရီကယခုကဲ့ သို့ပြောလာခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင်ရေနံတင်သွင်းမှုတတိယအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ ရေနံစိမ်းပမာဏအများအပြားကို ဟော်မု ရေလက်ကြားမှ ဖြတ်သန်းရခြင်းမရှိသည့် အရင်းအမြစ်များမှရယူခြင်းဖြစ်ကြောင်း၊ နိုင်ငံကတင်သွင်းနေသည့် ရေနံစိမ်းစည် ၅ သန်းခွဲတွင်၂ သန်းခန့်ကသာ ထိုရေလက် ကြားမှ ဖြတ်သန်းခြင်းဖြစ်ကြောင်း ဆင်းပူရီကပြောထားသည်။
Ref: RT
MWD Daily Newspaper
Photo - Sia Sat