ရုရှားနိုင်ငံမှ ၂၀၂၅ ခုနှစ်တွင် မြန်မာ၊ ဂျော်ဒန်နှင့် ဘာရိန်း ၃ နိုင်ငံ အတွက် ဗီဇာ ကင်းလွတ်ခွင့်ပေးရန် စီစဉ်နေ
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဆိုင်ရာဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရာတီးယက်ဗ် (Nikita Kondratyev) က ၂၀၂၅ ခုနှစ်တွင် မြန်မာ၊ ဂျော်ဒန်နှင့် ဘာရိန်း နိုင်ငံများနှင့် ဗီဇာကင်းလွတ်ခွင့် သဘော တူညီချက်များ ချုပ်ဆိုရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း ပြောကြားခဲ့ ပါသည်။
ကွန်ဒရာတီးယက်ဗ်က “မိမိတို့အနေဖြင့် အဆိုပါနိုင်ငံတွေ (မြန်မာ၊ ဂျော်ဒန်နှင့် ဘာရိန်း) အားလုံးနှင့် သဘောတူညီချက်တွေကို ၂၀၂၅ ခုနှစ် မှာ ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်မူကြမ်းကို လက်တွေ့ကျကျ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ “မိမိတို့ အဆင့်မှာ အစိုးရဆုံးဖြတ်ချက်ရှိပြီး မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်လည်း ရှိပါသည်။ ထို့ကြောင့် မိမိတို့ ခေါင်းဆောင်များ၏ နောက်ထပ်တွေ့ဆုံမှု ကို စောင့်နေပါသည်။ အရှေ့တိုင်းစီးပွားရေးဖိုရမ် (EEF) မှာ မြန်မာနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ထင်ပါသည်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ကိုးကား - tass