ဘလူးအော်ရီဂျင်ကုမ္ပဏီက ပုဂ္ဂလိကအာကာသယာဉ်မှူး ခြောက်ဦးလိုက်ပါမည့် New Shepard ဒုံးပျံယာဉ်လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားရ

News Image

  • ဘလူးအော်ရီဂျင်ကုမ္ပဏီက ပုဂ္ဂလိကအာကာသယာဉ်မှူး ခြောက်ဦးလိုက်ပါမည့် New Shepard ဒုံးပျံယာဉ်လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားရ

ဝါရှင်တန် ဇွန် ၂၃

အမေရိကန်နိုင်ငံ အခြေစိုက် ဘလူးအော်ရီဂျင် ကုမ္ပဏီသည် ပုဂ္ဂလိက အာကာသယာဉ်မှူး ခြောက်ဦး လိုက်ပါမည့် New Shepard ဒုံးပျံယာဉ်လွှတ်တင်ရေး အစီအစဉ်ကို လေပြင်းတိုက်ခတ်နေမှုကြောင့် ဆိုင်းငံ့ထားရကြောင်း ဇွန် ၂၂ ရက် သတင်းများအရ သိရသည်။

ဘလူးအော်ရီဂျင် ကုမ္ပဏီသည် မူလက အဆိုပါ New Shepard ဒုံးပျံယာဉ်ကို ဇွန် ၂၂ ရက်တွင် အနောက်တက္ကဆက်ဒေသမှတစ်ဆင့် လွှတ်တင်ရန် စီစဉ်ထားသည်။

သို့ရာတွင် အနောက်တက္ကဆက်ဒေသ ဘလူးအော်ရီဂျင်ကုမ္ပဏီ လွှတ်တင်ရေးစခန်း နယ်မြေ၌ လေပြင်းတိုက်ခတ်နေမှုကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားရသည်ဟု ဘလူးအော်ရီဂျင် ကုမ္ပဏီက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ဘလူးအော်ရီဂျင်ကုမ္ပဏီ အနေဖြင့် အဆိုပါ New Shepard ဒုံးပျံယာဉ်ကို လွှတ်တင်ရန် ဇွန်၂၃ ရက်တွင်ထပ်မံကြိုးစားဖွယ်ရှိသည်။ NS-33 ဟူ၍အမည်ပေးထားသော အဆိုပါမစ်ရှင်သည် New Shepard ဒုံးပျံများ၏ ၃၃ ကြိမ် မြောက် မစ်ရှင်ဖြစ်သည်။

NS-33 မစ်ရှင်သည် ဘလူးအော်ရီဂျင်ကုမ္ပဏီ၏ ၂၀၂၅ အတွက် စတုတ္ထမြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။


Ref: Sputnik New

Trs: KKO

YDNB Newspaper