ဆိုက်ခီအာကာသယာဉ်၏ ဒုံးကန်အားစနစ်များ အပြည့်အဝပြန်လည် လည်ပတ်နိုင်ပြီဖြစ်

News Image

  • ဆိုက်ခီအာကာသယာဉ်၏ ဒုံးကန်အားစနစ်များ အပြည့်အဝပြန်လည် လည်ပတ်နိုင်ပြီဖြစ်

ဝါရှင်တန် ဇွန် ၂၃ 
အမေရိကန်အစိုးရအမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေး အေဂျင်စီ (နာဆာ)၏ ဆိုက်ခီအာကာသယာဉ်၏ ဒုံးကန် အားစနစ်များ အပြည့်အဝပြန်လည်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ဇွန် ၂၂ ရက် သတင်းများအရ သိရသည်။

ဆိုက်ခီ အာကာသယာဉ်သည် ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ ဒုံးကန်အားစနစ်များ ရုတ်တရက်ရပ်တန့်မှု     ပြဿနာနှင့်ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအချိန်တွင် နာဆာ အင်ဂျင်နီယာများက ဆိုက်ခီ အား ကာသယာဉ်၏ ဒုံးကန်အားစနစ်ကို အပြည့်အဝ ပြန်လည်ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

ဒုံးကန်အားစနစ် အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ခဲ့မှုကြောင့် ဆိုက်ခီ အာကာသယာဉ်အနေဖြင့် ဆိုက်ခီ သတ္တုဂြိုဟ်သိမ်ဆီသို့ သတ်မှတ်ထားသည့် အချိန်ကာလ အတိုင်း ဆက်လက်ပျံသန်းနိုင်ပြီ ဖြစ်ကြောင်း၊ နာဆာအဖွဲ့ သည် ဆိုက်ခီအမည်ရှိ ထူးဆန်းသော ဂြိုဟ်သိမ်တစ်စင်းကို လေ့လာရေး အတွက် ဆိုက်ခီအာကာသယာဉ် ထို၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

၎င်း အာကာသယာဉ်သည် ၂ဝ၂၉ ခုနှစ် ဩဂုတ်လတွင် ဆိုက်ခီ ဂြိုဟ်သိမ်ဆီသို့ ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

Ref: Xinhua News

YDNB Newspaper