ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာ လမ်းသစ် ဖွင့်ပွဲ ပြုလုပ်

News Image

  • ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာ လမ်းသစ် ဖွင့်ပွဲ ပြုလုပ်

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့ ဦးဝမ်းချင်းရွှေ+ဒေါ်ရီရီချို (အောင်မြန်မာဟိန်း)ကုမ္ပဏီမီသားစုမှ သင်တောင်း ကျေးရွာ၊ ရွာလယ် လမ်းမကြီးအား ကတ္တရာလမ်းခင်းပေးခဲ့ပြီး ယနေ့နံနက်ပိုင်းက လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ အောက်ခြေ(၄လက်မ၊၂လက်မ) ကျောက်ခင်း၍ (၆) လက်မထုဖြင့် အရှည်(၇၀၀)ပေပေါ်တွင် ကတ္တရာ(၃)လက်မထု ထပ်ပိုးလွှာခင်းခြင်းနှင့် ယခင်ကွန်ကရစ်လမ်း အရှည်(၁၀၀၀)ပေပေါ်တွင် ကတ္တရာ(၃)လက်မထု ထပ်ပိုးလွှာခင်းခြင်း စုစုပေါင်းကတ္တရာလမ်း အရှည် (၁၇၀၀) ပေနှင့် အကျယ်(၁၃)လက်မ ဖြစ်ကြောင်း သိရှိပြီး ခန့်မှန်းကုန်ကျငွေ ကျပ်(၄၂၀)သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။

သင်တောင်ကျေးရွာတွင် ကတ္တရာလမ်းခင်းပေးခြင်းဖြင့် သင်တောင်းကျေးရွာမှ ပြည်သူမှပြည်သူများနှင့် အဆိုပါ ကျေးလမ်းမကြီးအား အသုံးပြုလျက်ရှိသည့် တောင်လွှဲကျေးရွာမှ ပြည်သူများ၏ လူမှုဘဝများ၊ မြို့ပြနှင့်မခြား သွားလာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)