ထရမ့်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကို ဟီရိုရှီမားနှင့် နှိုင်းယှဉ်ပြောဆို

News Image

  • ထရမ့်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကို ဟီရိုရှီမားနှင့် နှိုင်းယှဉ်ပြောဆို

သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် အမေရိကန်လေတပ်က ဗုံးကြဲ တိုက်ခိုက်မှုကို ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီမားနှင့် နာဂါဆာကီ မြို့ များကို အဏုမြူဗုံးကြဲခဲ့သည့်အဖြစ်နှင့် နှိုင်းယှဉ်ကာ ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပသည့် NATO အစည်းအဝေး တွင် သတင်းထောက်များအား ပြောကြားရာတွင် ထရမ့်က အမေရိကန် တို့၏ အီရန်ဗုံးကြဲမှုက အစ္စရေးနှင့် ပဋိပက္ခကို အဆုံးသတ်သွားစေခဲ့သည်ဟု ဆိုသည်။ 

“မိမိအနေဖြင့် အဆိုပါကိစ္စအပေါ် ဟီရိုရှီမားဖြစ်စဉ်ဖြင့် သာဓက မပေးချင်ပါ။ နာဂါဆာကီဖြစ်စဉ်ဖြင့်လည်း သာဓက မပေးချင်သော်လည်း ဖြစ်စဉ် က အလားသဏ္ဌာန် တူတူဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စစ်ကို အဆုံးသတ်ခဲ့ပါသည်။ ယခုအခါလည်း စစ်ကိုအဆုံးသတ်နိုင်ခဲ့ပါသည်” ဟု ၎င်းကပြောကြားခဲ့သည်။

၎င်းအနေဖြင့် ထိုကဲ့သို့ မဖြေရှင်းခဲ့ပါက ယခုအချိန်တွင် စစ်ပွဲများ ထပ်မံဖြစ်ပွားနေမည်ဟု အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

ထရမ့်က အီရန်အပေါ် အမေရိကန်ဗုံးကြဲမှု၏ အကျိုးသက်ရောက်မှုကို လျှော့ပေါ့ဖော်ပြသည်ဟု စွပ်စွဲထားသော “သတင်းမှား” များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“သတင်းထောက်ကောင်းတွေလည်း ရှိသော်လည်း ကျင့်ဝတ် မလိုက်နာ သည့် သတင်းဌာနတွေလည်း ရှိပါသည်” ဟု ၎င်းက CNN၊ MSNBC နှင့် New York Times တို့ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂