စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံး
27 June 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များအား ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲကာ ပိုးသတ်ဆေးရည်အစိမ်းရောင်များ ကျရောက်ပြန့်နှံ့ခဲ့ပြီး မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများမှ မီးစွဲလောင်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ် တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များအား ပစ်ချတိုက်ခိုက်မှုများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA