ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကျင်းပ
ကျောက်ဆည် ဇွန်-၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သစ်တောဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသတွင်းစိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်၊ အပူဒဏ်လျော့နည်း သက်သာစေရန်၊ သစ်ပင်များအားကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် သစ်ပင်၏တန်ဖိုးကိုသိရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဟံမြင့်မိုရ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးရဲဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထိုက်ထိုက်ဇော်နှင့်ခရိုင်သစ်တောဦးစီးမှူးတို့က ဟံမြင့်မိုရ် ကျောင်းအုပ်ဆရာမကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ ပျိုးပင်များ ပေးအပ်ခဲ့ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား /ကျောင်းသူ များနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ တမာ၊ စိန်ပန်း၊ ကုက္ကိုလ်၊ မယ်ဇလီ၊ မယ်ဇယ် စသည့် ပျိုးပင်(၆)မျိုး ပါဝင်သော စုစုပေါင်း ပျိုးပင်ပေါင်း(၅၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် ၊ကျောက်ဆည်