ရုရှားနှင့် မြောက်ကိုရီးယား ၂၀၂၅ ခုနှစ်တွင် အားကစား ကဏ္ဍအပြန်အလှန် ဖလှယ်မည်
ရုရှားအားကစားဝန်ကြီး Mikhail Degtyarev နှင့် မြောက်ကိုရီးယား အားကစားဝန်ကြီး Kim Il Guk တို့သည် တနင်္ဂနွေနေ့က ပြုံးယမ်းမြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ၂၀၂၅ ခုနှစ်အတွင်း အားကစား အပြန် အလှန်ဖလှယ်ရေး အစီအစဉ်တစ်ရပ်ကို လက်မှတ်ရေးထိုး လိုက်ကြောင်း မြောက်ကိုရီးယား၏ တရားဝင် သတင်း ဌာနဖြစ်သည့် Korean Central News Agency (KCNA) က ဖော်ပြလိုက်သည်။
ထိုသို့တွေ့ဆုံချိန် ရုရှားနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား အားကစားဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာရေးနှင့် ခိုင်မာအားကောင်းလာစေရေး အလေးထားဆွေးနွေး သွားကြပါသည်။ ရုရှားအားကစားဝန်ကြီး Degtyarev သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုဝင်ဘာလ ၂၂ ရက်နေ့ ကတည်းက ရောက်ရှိနေခြင်းဖြစ်ပါသည်။
ကိုးကား - TASS