ပဋိသန္ဓေတားဆေးများကြောင့် အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်တက်မှုမရှိ

News Image

  • ပဋိသန္ဓေတားဆေးများကြောင့် အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်တက်မှုမရှိ

လန်ဒန်   ဇူလိုင် ၅

အမျိုးသမီးများအနေဖြင့် Pill ခေါ် ပဋိသန္ဓေတားဆေးများသုံးစွဲမှုကြောင့် အသည်းကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက်မြင့်တက်လာနိုင်ခြေမရှိကြောင်း ဗြိတိန်သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၄ရက် သတင်းများအရ သိရသည်။

Pill ပဋိသန္ဓေတားဆေးများနှင့် အသည်းကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမှုတို့ကြား ဆက်စပ်မှုရှိနိုင်ကြောင်း ရှေးယခင် ထုတ်ပြန်ခဲ့သော လေ့လာချက်စစ်တမ်းများ၌ ဖော်ပြထားသည်။

Pill ပဋိသန္ဓေတားဆေးများတွင် ပါဝင်သည့် အက်စထရိုဂျင် ဟော်မုန်းများမှာ အချို့ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို စေ့ဆော်ပေးနိုင်ကြောင်း ဆေးပညာရှင်အချို့က ယူဆထားသည်။

သို့ရာတွင် ဗြိတိန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Pill ပဋိသန္ဓေတားဆေးများနှင့် အသည်းကင်ဆာရောဂါဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုမရှိကြောင်း သိရသည်။

Pill ပဋိသန္ဓေတားဆေးများကို ကာလကြာမြင့်စွာသုံးစွဲသူများတွင်မူ အသည်းကင်ဆာဖြစ်နိုင်ခြေမဆိုစလောက်သာ မြင့်တက်လာတတ်သည်ကို တွေ့ရကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားသည်။

ရတနာပုံသတင်းစာ