တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းကျင်းပ
တံတားဦး ၊ ဇူလိုင် - ၄
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်း၏ အလံရှေ့တွင် ကျင်းပကြောင်းသိရသည် ။
အခမ်းအနားတွင် ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင် သီဆိုပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ ခံယူသည့်မူဝါဒ ၊ ကတိသစ္စာ(၄)ချက် ၊ အသင်းအမည်များနှင့် ကိုယ်စားပြု အလံအရောင်များစသည့် လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီအဖွဲ့၏ အမည်စာရင်းများ ကြေညာကာ ကျောင်းအုပ်ဆရာမကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများအား အသင်းတာဝန်ခံ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံပေးအပ်သည်။ ထို့နောက် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်း အခမ်းအနား သို့ တက်ရောက်ကြသည့် ဆရာ ၊ ဆရာများ၊ ကျောင်းသား ၊ ကျောင်းသူများက နိုင်ငံတော်သီချင်းအား စုပေါင်းပြီး သံပြိုင်သီဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)