ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ် စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးပညာများ သင်ကြားပေးလျက်ရှိ
ကျောက်ဆည်၊ ဇူလိုင်-၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကရာတေးပညာများ (အခမဲ့)သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။
အခြေခံကရာတေးအားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများ ဖြစ်စေနိုင်သည့် အခွင့်အလမ်းများ လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံ ကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
သင်တန်းတွင် အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်းများ သင်ကြားပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ မှ ကျောင်းသား/ကျောင်းသူ(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဇူလိုင်(၁)ရက်နေ့မှစတင်၌ ဇူလိုင်(၆)ရက် နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်သည့် လူငယ်များ ဖြစ်လာ စေရန်အတွက် စာစီစာကုံး၊ အေရိုးဗစ် သင်တန်းများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ ခရိုင်(ပြန်/ဆက်)