BRICS ၏ မိတ်ဖက်နိုင်ငံများစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်ရန် ရုရှားက မျှော်လင့်ထား

News Image

  • BRICS ၏ မိတ်ဖက်နိုင်ငံများစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်ရန် ရုရှားက မျှော်လင့်ထား

BRICS ၏ မိတ်ဖက်နိုင်ငံများစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်ရန် ရုရှားက မျှော်လင့်ထားကြောင်း ရုရှား နိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က BRICS အသင်း၏ Sherpas/Sous-Sherpas အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြထားသည်။

BRICS မိတ်ဖက်နိုင်ငံများ၏ အမျိုးအစားသစ်ကို မိတ်ဆက်ခြင်းနှင့်ပတ်သက်သည့် အခြေအနေများကို ၎င်းတို့ ဆွေးနွေးခဲ့ကြကြောင်း၊ ရုရှားနိုင်ငံ၏ BRICS ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးချိန်တွင် BRICS သည် ပိုမို အားကောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းRyabkov က ပြောကြားခဲ့သည်။

ကာဇန်တွင်ကျင်းပပြုလုပ်သည့် BRICS ထိပ်သီးအစည်း အဝေးအပြီးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က မိတ်ဖက်နိုင်ငံများစာရင်းကို သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ပါသည်။ ယင်းနိုင်ငံများ၏ အမည်စာရင်း အပြည့်အစုံကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း၊ BRICS မိတ်ဖက်နိုင်ငံအသစ်များအဖြစ် ဖိတ်ကြားချက် များကို အဆိုပါနိုင်ငံများထံသို့ ဦးစွာပေးပို့မည်ဖြစ်ပြီး အပြုသဘောဆောင်သော တုံ့ပြန်မှုရရှိပြီးနောက် ၎င်း စာရင်းတွင် မည်သည့်နိုင်ငံပါဝင်သည်ကို ကြေညာ မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ BRICS အဖွဲ့ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) တွင် အီဂျစ်၊ အီရန်၊ UAE၊ ဆော်ဒီ အာရေးဗီးယားနှင့် အီသီယိုးပီးယားနိုင်ငံတို့ ပါဝင်လာခဲ့ပါသည်။ ဘရာဇီးလ်သည် BRICSအဖွဲ့၏ ဥက္ကဋ္ဌ ရာထူးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် တာဝန်ယူမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကိုးကား - Reuter သတင်းဌာန