အသက်ကြီးလာသူတွေမှာ အယ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးမယ့် MIND စားသောက်မှုပုံစံ
အသက်အရွယ်ကြီးလာတဲ့နောက်ပိုင်းမှာ စားသောက်မှုပုံစံကို အဆင့်မြှင့်တင်ခြင်းအားဖြင့် အယ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်စေမယ်လို့ ဟာဝိုင်ယီတက္ကသိုလ် ကင်ဆာစင်တာမှ သုတေသီများရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် MIND လို့အမည်ပေးထားတဲ့ စားသောက်မှုပုံစံအတိုင်း လိုက်နာစားသောက်ခြင်းက အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာပါ။ MINDဆိုတာ Mediterranean-DASH Interve-ntion for Neurodegenerative Delay လို့ခေါ်တဲ့ စားသောက်မှုပုံစံဖြစ်ပါတယ်။
အဲဒီစားသောက်မှုပုံစံက အစိမ်းရောင်အရွက်တွေ၊ ဘယ်ရီသီးတွေ၊ အခွံမာသီးတွေနဲ့ သံလွင်ဆီတို့လိုမျိုး ဦးနှောက်ကျန်းမာရေးအပေါ် အထောက်အကူပြုတဲ့ အစားအစာတွေကို အဓိက ဦးစားပေးစားသုံးရတာပါ။
သုတေသနပညာရှင်များက သက်ကြီး ရွယ်အို ၉၃၀၀၀ နီးပါးကိုလေ့လာမှုများ လုပ်ပြီးနောက်မှ သူတို့ရဲ့တွေ့ရှိချက်ကို အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စားသောက်မှု ပုံစံကိုတော့ သက်လတ်ပိုင်းမှစတင်လို့ သက်ကြီးပိုင်း တွေမှာပါစားသုံး ပေးဖို့ ပညာရှင်များက အကြံပြုထားတာ တွေ့ရပါတယ်။
MWD Web Portal