ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

News Image

  • ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ ဇူလိုင်-၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေး ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ ဝက်သား(၂၀)ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား (၁၅) ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာနှင့် ဟင်းသီးဟင်းရွက်များအား အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) မှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)