ထရမ့်က ဇီလန်စကီးကို ယူကရိန်းငြိမ်းချမ်းရေးအတွက် ‘အဓိက အဟန့် အတား’ အဖြစ် ရှုမြင်နေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းခေါင်းဆောင် ဗလာ ဒီမာ ဇီလန်စကီးအား ပဋိပက္ခကိုဖြေရှင်းရာတွင် အဓိကအဟန့်အတား အဖြစ် ဆက်လက်ရှုမြင်နေဆဲဖြစ်ကြောင်း Financial Times သတင်းစာ က စနေနေ့ (ဇူလိုင် ၁၂) တွင် ရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
ထို့အပြင် ထရမ့်က သတင်းထောက်များအား ပူတင်သည် “အချိန်တိုင်း သိပ်ကောင်းသည့်သူဖြစ်ပေမယ့် စစ်ပွဲအဆုံးသတ်ရန်အတွက် ဆုံးဖြတ် ချက်တွေမှာ ဝေဝါးနေသည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ဝါရှင်တန်တွင် ရုရှားစွမ်းအင်နှင့် ကုန်ပစ္စည်းများ ဝယ်ယူ သည့် နိုင်ငံများအား ၅၀၀% အကောက်ခွန် စည်းကြပ်ရန် ဆွေးနွေးမှု များပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ရုရှားနှင့် ပတ်သက်၍ အရေးကြီးသော ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်မည်ဟု ကြေညာခဲ့သည်။
သို့သော် ဝါရှင်တန်နှင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အမည်မဖော်လိုသည့် အကြီးတန်းအရာရှိနှစ်ဦးက FT သို့ ပြောကြားချက်အရ အမေရိကန်အစိုးရသည် ယူကရိန်းဘက်မှ ပိုမို ရပ်တည်နေသည်ဟူသော အထောက်အထား နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာအရ ယူကရိန်း၏အထောက်အပံ့ပေးသူများသည် “ထရမ့် သည် မည်သည့်သဘောတူညီချက်တွင်မဆို ပူတင်အား အဓိက ညှိနှိုင်းဖက် အဖြစ်ရှုမြင်လျက် ဇီလန်စကီးအား ငြိမ်းချမ်းရေးအတွက် အဓိက အဟန့် အတားအဖြစ် ရှုမြင်နေဆဲဖြစ်သည်ဟု ယူဆကြသည်” ဟု ဖော်ပြ ထားသည်။
မေလတွင် ထရမ့်က ဇီလန်စကီးအား “ပြောသည့် အရာတိုင်းက ပြဿနာ တွေဖြစ်စေသည်” ဟု တိုက်ရိုက်ဝေဖန်ခဲ့သည်။
မော်စကိုအပေါ် ထရမ့်၏ပြောကြားချက်များနှင့်ပတ်သက်၍ ရုရှား သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က “ရုရှားနိုင်ငံ အနေနှင့် အဆိုပါကိစ္စကို အေးဆေးတည်ငြိမ်စွာရှုမြင်ပြီး ပျက်စီးနေသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း” ဖြည့်စွက် ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂