စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ် စာစောင်ပြသ
ကျောက်ဆည်၊ ဇူလိုင်-၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း နှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ရွှေသရဖီခန်းမတွင် ပြုလုပ်ခဲ့ရာ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင် လှုပ်ခတ်ချိန်တွင် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ခတ်ပြီးချိန်တွင် ဆောင်ရွက်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူ ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)