ထရမ့်က Jeffrey Epstein အမှုတွင် ဖုံးကွယ်ထားမှုမရှိကြောင်း ငြင်းဆို

News Image

  • ထရမ့်က Jeffrey Epstein အမှုတွင် ဖုံးကွယ်ထားမှုမရှိကြောင်း ငြင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Jeffrey Epstein အမှုတွင် ဖုံးကွယ်ထားမှုများရှိကြောင်း စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆို လိုက်ပြီး ထောင်တွင်းသေဆုံးမှုနှင့်သက်ဆိုင်သော အထောက်အထားများ ထုတ်ပြန်ရာတွင် ၎င်း၏အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို ကာကွယ် ခဲ့သည်။

သတင်းထောက် Tucker Carlson နှင့် အကြံပေးဟောင်း Steve Bannon အပါအဝင် ထရမ့်၏မဟာမိတ်အချို့က အစိုးရဌာနများနှင့် FBI ၏ အစီရင်ခံစာကို ဝေဖန်ခဲ့ကြပြီး အဆိုပါအစီရင်ခံစာတွင် Epstein မှ အရွယ်မရောက်သေးသည့် မိန်းကလေးများကို အထင်ကရပုဂ္ဂိုလ်များထံ ရောင်းစားခဲ့သည်ဟူသော အထောက်အထား မတွေ့ရှိခဲ့ပေ။ ၂၀၁၉ ခုနှစ် က Epstein ၏သေဆုံးမှုတွင် လူသတ်မှုသံသယလက္ခဏာများ မတွေ့ရှိ ခဲ့ဘဲ မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ် သတ်မှတ်ခဲ့သည်။

စနေနေ့ (ဇူလိုင် ၁၂) က Truth Social တွင် ရေးသားချက်တစ်ခုတွင် ထရမ့်က Epstein ဖိုင်များကို သမ္မတဟောင်း Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ဒီမိုကရက် တို့က ဖန်တီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ထရမ့်သည် ရှေ့နေချုပ် Pam Bondi ကို ကာကွယ်ကာ ဖက်ဒရယ် အေဂျင်စီများအနေဖြင့် ဒီမိုကရက်တို့နှင့်သက်ဆိုင်သော အကျင့်ပျက်ခြ စားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ (ထရမ့်အဆိုအရ Joe Biden အကျိုးအတွက် လုပ်ဆောင်ခဲ့သည့်) ကို စုံစမ်းရန် ပိုမိုအာရုံစိုက်သင့်ကြောင်း ပြောဆိုခဲ့သည်။ "Pam Bondi ကို အလုပ်လုပ်ခွင့်ပေးပါ ၊ သူက အရမ်း တော်တယ်!" ဟု ထရမ့်က ရေးသားခဲ့သည်။ ၎င်းက Epstein အမှုကို Texas ရေကြီးမှုကဲ့သို့ အရေးပေါ်ကိစ္စများမှ အာရုံလွှဲရန် အသုံးပြုခဲ့သည် ဟု ဆိုသည်။

FBI ဒါရိုက်တာ Kash Patel ကလည်း စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး "အဆိုပါအကြံအစည် သီအိုရီတွေက မမှန်ဘူး၊ ဘယ်တုန်းကမှ မမှန်ဖူးဘူး" ဟု X တွင် ရေးသားခဲ့သည်။

အငြင်းပွားသူများက Epstein သေဆုံးသည့်ညက ၎င်း၏ အခန်း အပြင် ဘက်ရှိ CCTV မှတ်တမ်းတွင် တစ်မိနစ်ခန့်အချိန်ဟာကွက်ဖြစ်နေမှုကို ထောက်ပြကာ ဗီဒီယိုကို တည်းဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော် Bondi က ဗီဒီယိုတွင် သံသယဖြစ်စရာမရှိဟု ငြင်းဆိုခဲ့သည်။

သတင်းမီဒီယာအချို့၏ဖော်ပြချက်အရ FBI ဒါပူတာ ဒါရိုက်တာ Dan Bongino နုတ်ထွက်ရန် စဉ်းစားနေသည်ဟု ဆိုကာ အဆိုပါအမှုနှင့် ပတ်သက်သည့် အငြင်းပွားမှုများက အစိုးရအတွင်း သဘောထားကွဲလွဲမှု များ ဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်း‌ဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂