မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

News Image

  • မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar