ဟနွိုင်းမြို့လယ်၌ ရုပ်ကြွင်းလောင်စာသုံး ဆိုင်ကယ်များစီးနင်းမှု ဗီယက်နမ်ပိတ်ပင်မည်

News Image

  • ဟနွိုင်းမြို့လယ်၌ ရုပ်ကြွင်းလောင်စာသုံး ဆိုင်ကယ်များစီးနင်းမှု ဗီယက်နမ်ပိတ်ပင်မည်

ဟနွိုင်း ဇူလိုင် ၁၄
ဗီယက်နမ်နိုင်ငံသည် ရုပ်ကြွင်း လောင်စာသုံးမော်တော်ဆိုင်ကယ် များ ဟနွိုင်းမြို့လယ်၌ စီးနင်းခွင့် ကို ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် စတင်ပိတ်ပင်မည် ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

လေထုညစ်ညမ်းမှုပြဿနာ လျှော့ချရေး ပြည်လုံးကျွတ် လှုပ်ရှားမှုအစီအစဉ်အရ ရုပ်ကြွင်းလောင်စာသုံးမော်တော်ဆိုင်ကယ်များ ဟနွိုင်းမြို့လယ်၌ မောင်းနှင် ခွင့်ကိုပိတ်ပင်ရန် ဗီယက်နမ်နိုင်ငံ က စီစဉ်ထားခြင်းဖြစ်သည်။
ဟနွိုင်းမြို့လယ်ပိုင်း၌ ရုပ်ကြွင်း လောင်စာသုံးမော်တော်ဆိုင်ကယ် များစီးနင်းမှုကို ပိတ်ပင်ရန် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်း က ညွှန်ကြားထားခြင်းဖြစ်သည်။ ကျန်သည့်ဗီယက်နမ်မြို့များ ကဲ့သို့ပင် ဟနွိုင်းမြို့သူ၊ မြို့သား ရှစ်သန်းတို့အတွက် မော်တော် ဆိုင်ကယ်များသည် အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်များ ဖြစ်ကြသည်။

ဟနွိုင်းမြို့၌ မော်တော်ယာဉ် အစီးရေမှာ တစ်သန်းကျော်မျှသာ ရှိပြီး မော်တော်ဆိုင်ကယ်အစီးရေ မှာ ခုနစ်သန်းနီးပါးရှိသည်။

ဗီယက်နမ်နိုင်ငံသည် လေထု ညစ်ညမ်းမှုပြဿနာကို လျှော့ချ ရေးအတွက် ရုပ်ကြွင်းလောင်စာ သုံးယာဉ်များကို လျှပ်စစ်စွမ်းအင် သုံးယာဉ်များဖြင့် အစားထိုးရန် ဆန္ဒရှိနေကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper
Photo- SCMP